Events
“၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါ ကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2025-26)” ပြပွဲ ကျင်းပမည်
Updated At: 2025-06-13 11:42:32
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Bengal Chamber of Commerce & Industry – BCCI) နှင့် G.S Marketing Association တို့မှ ပူးပေါင်း၍ ကော်လ်ကတ္တားမြို့၊ သိပ္ပံမြို့တော် (Science City) တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၂၁ ရက်ကြာ “၂၀၂၅-၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2025-26)” ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ ကုန်စည်ပြပွဲတွင် ၉ စတုရန်းမီတာ ပြခန်းတစ်ခု ငှားရမ်းခနှုန်း အမေရိကန်ဒေါ်လာ ၂၀၀၀ + ၁၈ ရာခိုင်နှုန်း အခွန် (GST) ကျသင့်မည်ဖြစ်ကြောင်း၊
၂။ မြန်မာနိုင်ငံအတွက် ပြခန်းအရေအတွက်အလိုက် လျှော့ဈေး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အထူးနှုန်းဖြင့် သတ်မှတ်ပေးထားကြောင်း၊
၃။ ကြိုတင်အသိပေးအကြောင်းကြားမည်ဆိုပါက B2B ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊
၄။ လာရောက်ပြသသူများ အဆင်ပြေစေရန် ကုန်စည်ပြပွဲနှင့် အနီးဆုံးနေရာ၌ မိမိတို့၏ စရိတ်ဖြင့် တည်းခိုနေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊
၅။ ပြခန်းကြိုတင်စာရင်း သွင်းလို/ငှားရမ်းလိုပါက G.S Marketing Associates, 108/9, Monohar Pukur Road, Kolkata-700 026 ၊ Mr. Utpal Roy, President (Sales), G S Marketing Associates ၊ Mobile No +91 7003178250/ 9433012988/ 9830080180 (Whatsapp) & Email id : [email protected], utpal.roy@ gsmktg.com တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊
“၂၀၂၅-၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2025-26)” ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ